ဘုတ်ပြင်းမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ကျောင်းအပ် လက်ခံခြင်းများကို အခမဲ့ ဆောင်ရွက် ပေး

 

ဘုတ်ပြင်း   မေလ     ၂၄  

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း များတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၌ ကျောင်းနေအရွယ် ကလေးများအားလုံး ပညာ သင်ယူခွင့် ရရှိရေး အတွက် ယနေ့နံနက်ပိုင်းမှ စတင်ကာကျောင်းအပ်လက်ခံခြင်းများကို အခမဲ့ ဆောင်ရွက် ပေးလျက်ရှိ ကြောင်းသိရသည်။

ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၈၆)ကျောင်းတို့၌ ကျောင်းအပ်နှံ ခြင်း လုပ်ငန်း များကို သက်ဆိုင်ရာကျောင်းများအလိုက် ဆရာ၊ဆရာမများက လက်ခံဆောင်ရွက်ပေးနေ ပြီး အခကြေးငွေတစ်စုံတစ်ရာ ကောက်ခံမှု ရှိကြောင်း၊ ကျောင်းသုံး ပြဌာန်း စာအုပ်၊ ဗလာ စာအုပ်၊ ဘောပင်၊ ခဲတံ ၊ Mask နှင့် Face Shield စသည့် ပစ္စည်းများကို အခမဲ့ ထောက်ပံ့ပေးနေကြောင်း သိရ သည်။

ကျောင်းအပ်နှံရာတွင် မေလ ၂၄ ရက်နေ့မှ ၃၁ ရက်နေ့ထိ  ၅  နှစ်အရွယ် ကလေးများကို KG (သူငယ်တန်း)၊(၆)နှစ်အရွယ် ကလေးများကို ပထမတန်း Grade-1 အပ်နှံရမည်ဖြစ်ပြီး ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်းတို့ကို (သင်ရိုးသစ်)နှင့် သတ္တမတန်း၊ အဌမတန်း၊ ဒဿမတန်းတို့ကို (သင်ရိုး ဟောင်း)တို့ဖြင့် အပ်နှံရမည်ဖြစ်ကြောင်း ဇွန်လ ၁ ရက်နေ့မှ စတင်ကာ အခြေခံ ပညာ ကျောင်း များ၌      ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ် သင်ကြား ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

သန်းထွန်းဦး( ပြန်/ဆက်)