ပဲခူး မေ ၂၄
ပဲခူးမြို့၌ မဟာစေတီကန်လမ်းနှင့် မဇင်းတိုးချဲ့(၁)လမ်း ဆက်သွယ်သည့်လမ်းများအား ကတ္တရာလမ်းခင်းနေခြင်း လုပ်ငန်းကို ယနေ့နံနက်(၁၁)အချိန်က စည်ပင်သာယာရေးကော်မတီ အဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါ ကတ္တရာလမ်းခင်းခြင်းကို ပဲခူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး ယခုလိုဆောင်ရွက်တဲ့နေ ရာမှာလမ်းအရှည် ၁၄၀၀ ပေနှင့် အကျယ်ကတော့ ၁၂ x ၉ ပေဖြစ်ပြီး စုစုပေါင်း ခွင့်ပြုငွေက တော့ (၂၄.၅၃၀)ကျပ်သန်း ဖြစ်ပါကြောင်း ယခုလို ဆောင်ရွက်တဲ့အတွက် ပြည်သူများခရီး သွားလာရေးမှာ ပိုမိုအဆင်ပြေ ချောမွေ့မှာဖြစ်ကြောင်းကို တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မဟာစေတီကန်လမ်းနှင့် မဇင်းတိုးချဲ့(၁)လမ်း ဆက်သွယ်သည့်လမ်းများအား ကတ္တရာ လမ်းခင်းခြင်းကို စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ထွန်း၊ မြို့နယ် စည်ပင်အင်ဂျင်နီယာမှူး ဦးအာကာမြတ်သူ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီထွေးနှင့် မြို့နယ်လမ်းဦးစီးဌာနမှ လက်ထောက်အင်ဂျင်နီယာ ဦးနိုင်ခွီရှိန်တို့က ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သတင်းရရှိသည်။
ဌေးဌေးကြည်(ခရိုင်ပြန်/ဆက်)