ပန်းတနော် မေ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ ယနေ့ နံနက် ၈ နာရီကစတင်၍ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများရှိ စာသင်ကျောင်းများတွင် ကျောင်းအပ်နှံရေး လက်ခံ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ပန်းတနော်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းများကို မေ ၂၄ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ပြီး ကျောင်းသား၊ ကျောင်းသူ များအား ကျောင်းအပ် လက်ခံသွားမည် ဖြစ်ကြောင်း၊ ကျောင်းအပ်နှံရာတွင် အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှု လုံးဝမရှိကြောင်းနှင့် ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပါးစပ်နှာခေါင်းစည်း(Mask)နှင့် မျက်နှာအကာ (Face Shield)တို့ကို အခမဲ့ ထောက်ပံ့မည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)