မော်လမြိုင်ကျွန်း မေ ၂၄
၂၀၂၁-၂၀၂၂ လုပ်ငန်းရာသီအတွက် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် ဧရိယာအတွင်းရှိ ငါးဖမ်းကွက်များအား (ပထမအကြိမ်) စျေးပြိုင်တင်ဒါစနစ်ဖြင့် ရောင်းချခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမသစ်၌ ကျင်းပ ပြုလုပ်သည်။
အခမ်းအနားတွင် ဧရာ၀တီတိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးဌာနမှူး ဦးသော်ထွန်းဦးက အဖွင့်အမှာ စကား ပြောကြားသည်။
ဆက်လက်၍ လပွတ္တာခရိုင် ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးဌာနမှူး ဒေါ်ဝါဝါသိန်းက တင်ဒါစည်းကမ်းချက်များအား ရှင်းလင်း ပြောကြားပြီး မြို့နယ်ဧရိယာအတွင်းရှိ အင်းပေါင်း(၅၈)အင်း၊တင်ဒါ ငါးဖမ်းကွက် (၁၃၁)ချက်တို့ အား ပွင့်လင်းမြင်သာစွာ စျေးပြိုင် စနစ်ဖြင့် ရောင်းချသည်။
ကျန်ရှိနေသော ငါးဖမ်း ကွက်များအား သတ်မှတ်ရက်များတွင် ဆက်လက်ရောင်းချ သွားမည်ဖြစ်ကြောင်းမြို့နယ် ငါးလုပ်ငန်း ဦးစီးမှူး ဒေါ်နှင်းရည်စိုးထံမှသိရှိရသည်။
အခမ်းအနားသို့ ဧရာဝတီတိုင်း ဒေသကြီးငါးလုပ်ငန်းဦးစီးဌာန ဒုတိယ တိုင်းဦးစီးမှူး ဦးသော်ထွန်းဦး၊ ခရိုင်ဦးစီးမှူးဒေါ်ဝါဝါသိန်း ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ထွေးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ တက်ရောက်ကြပြီး ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသောကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် အညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သီတာအောင် (ပြန်ဆက်)