ပုလောမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်စတင်လက်ခံ

 

ပုလော   မေလ   ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများတွင် တက်ရောက်မည့် ကျောင်းသူ/ ကျောင်းသားများကို မေလ ၂၄ ရက်နေ့ နံနက် နာရီ မှ စတင်၍ ကျောင်းအပ်လက်ခံ လျက်ရှိကြောင်း သိရပါ သည်။

ပုလောမြို့နယ်တွင် အခြေခံပညာ ကျောင်း (၁၆၀) ကျောင်းရှိပြီး အဆိုပါ ကျောင်းများတွင် တက်ရောက်မည့် ကျောင်း သား/သူများကို မေလ ၂၄ ရက်နေ့မှ ၃၁ ရက်နေ့ထိ နံနက် ()နာရီမှ ညနေ () နာရီထိ ကျောင်းအပ် လက်ခံ သွားမည်ဖြစ်ကြောင်း သိရပါသည်။

ထိုသို့ ကျောင်းများ စတင် လက်ခံရာတွင် ပလောက်မြို့ အမှတ်(၁၂) တပ်မတော် တန်းမြင့် လေ့ကျင့်ရေး သင်တန်း ကျောင်းမှ ဒုဗိုလ်မှူးကြီး ရဲလင်းအောင် ပုလောမြို့နယ် ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦး၀င်းနိုင်ဦး၊ ယာယီရဲမှူး ခင်မောင်ဆန်း နှင့် တာ၀န်ရှိသူများက မြိုပေါ် ရပ်ကွက်ရှိ အခြေခံပညာကျောင်းများ() ကျောင်း နှင့် မကျည်းကုန်း (အမက) သို့ သွားရောက်၍ ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ဖြည့်စွက် မှာကြားခဲ့ ကြောင်း သိရသည်။

အေးအေးမော် (ပုလော ပြန်/ဆက်)