အုတ်ဖိုမြို့နယ်တွင်လေပြင်းတိုက်မှုဖြစ်ပွား

အုတ်ဖို မေ ၂၄
 
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ယမန်နေ့ ည ၇ နာရီ အချိန်ခန့်က လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့သည်။
လေပြင်းတိုက်ခတ်မှုကြောင့် အုတ်တွင်းကုန်း ကျေးရွာအုပ်စု၊ အုတ်တွင်းကုန်း ကျေးရွာ တွင် နေအိမ်(၂)လုံး၊ လက်ခုပ်ကုန်းကျေးရွာတွင် နေအိမ်(၂)လုံး စုစုပေါင်း နေအိမ်(၄)လုံး အမိုးလန်ပျက်စီးခဲ့သည်။
လေပြင်းတိုက်ခတ်မှုကြောင့် လူ နှင့် တိရိစ္ဆာန်ထိခိုက်သေဆုံးမှုမရှိကြောင်းနှင့် လေဘေး သင့်အိမ်ထောင်စုများအား မြို့နယ် သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် သက်ဆိုင်ရာရပ်ကျေး အုပ်စု အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ လူမှု့ရေး အသင်းအဖွဲ့များနှင့် ဆွေမျိုး သားချင်း များက နေထိုင်စားသောက်ရေးအတွက် ကူညီ ဆောင်ရွက် လျှက် ရှိကြောင်းသိရသည်။
 
အောင်သူ(အုတ်ဖို)