ပုလောမြို့ အရှေ့ကျောင်းတိုက် မြို့လုံးကျက်သရေစေတီတော် ၌ ကိန်း၀ပ် စံမြန်း မည့်  နွေ၊ မိုး ၊ ဆောင်း မြဘုရား (၃)ဆူ ဒေသစာရီ လှည့်လည်ပူဇော်ခံ

 

ပုလော   မေလ       ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် အရှေ့ကျောင်းတိုက် မြို့လုံးကျက်သရေ စေတီတော် တွင် ကိန်း၀ပ် စံမြန်းမည့် နွေ၊မိုး၊ဆောင်း မြဘုရား()ဆူကို မေလ  ၂၄ ရက်နေ့ နံနက် နာရီက ပုလောမြို့အတွင်း ဒေသစာရီ လှည့်လည် ပူဇော် ခဲ့ကြောင်း သိရသည်။

ထို့သို့ လှည်လည် ပူဇော်ရာ၌ ပုလောမြို့နယ် အရှေ့ကျောင်းတိုက် ဆရာ တော် အဂ္ဂမဟာဂန္ဓဝါစကပဏ္ဍိတ ဦးဝါ ယမ ဦးဆောင်၍ အရှေ့ကျောင်းတိုက်မှ တပည့်တကာ၊ တကာမ များ ဖြစ်ကြသော မြဘုရား အလှူရှင် မိသားစု နှင့် အတူ ဂေါပက အဖွဲ့၊ ကာလသား၊ ကာလသမီး များ နှင့် မိန်းမကြီး အဖွဲ့တို့ လိုက်ပါခဲ့ကြောင်း သိရသည်။

အဆိုပါ နွေ၊ မိုး ဆောင်း မြဘုရား()ဆူ မှာ ဉာဏ်တော် အမြင့် () ပေရှိပြီး၊ တစ်ဆူလျှင် ငွေကျပ် သိန်း (၇၀) ဖြင့် စုစုပေါင်း မြဘုရား ()ဆူကို ငွေကျပ် သိန်း (၂၁၀) ဖြင့် တစ်ဦးတည်း အလှူရှင် ဦးကြည်ဟို၊ ဒေါ်နှင်းလဲ့လဲ့ကျော် မိသားစုမှ လှူဒါန်းခြင်း ဖြစ်ပြီး၊ ပုလောမြို့ အရှေ့ကျောင်းတိုက် မြို့လုံးကျက်သရေစေတီတော် ဂန္ဓကုဋိ တိုက် တွင် ကိန်း၀ပ် စံမြန်းသွားမည်ဖြစ်ကြောင်း သိရပါသည်။

အေးအေးမော် (ပုလော ပြန်/ဆက်)