ကျောက်ကြီးမြို့နယ်၌ Facility Quarantine Centre အဖြစ်အသုံးပြုထားသော အခြေခံပညာကျောင်း များအား မြို့နယ်ကြက်ခြေနီအသင်းမှ ပိုးသတ်ဆေးဖြန်းခြင်း ဆောင်ရွက်

ကျောက်ကြီး မေ ၂၂

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်မြို့နယ်၌ Facility Quarantine Centre အဖြစ် အသုံးပြုထားသော အခြေခံအထက်တန်းပညာကျောင်းအား မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များမှ ယနေ့ နံနက် ၉ နာရီအချိန်တွင် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကိုဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

ကျောက်ကြီးမြို့နယ်အခြေခံပညာ  အထက်တန်းကျောင်းအား ကိုဗစ်−၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလ အတွင်း ကျောက်ကြီးမြို့နယ်သို့ ပြည်ပနိုင်ငံများမှပြန်လည် ရောက်ရှိလာသူများနှင့် ရန်ကုန်ပြန်များအား ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး၊ အများပြည်သူသို့ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စောင့်ကြည့်ရေးစခန်း ဖွင့်လှစ်ထားရှိခဲ့ရာ ယခုအခါ မေလ ၂၄ ရက်နေ့မှစတင်၍ ကျောင်းအပ်လက်ခံပြီး ဇွန်လ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပညာရေးဌာနနှင့် မြို့နယ်ကြက်ခြေနီအဖွဲ့တို့ ပူးပေါင်း၍ ကိုဗစ်−၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေး စာသင်ဆောင်များ၊ အိမ်သာများ၊ လမ်းများနှင့် ရေဆေးကန်များ အနီးတွင် ပိုးသတ် ဆေးဖျန်းပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

K ခိုင်