မင်းတုန်းမြို့နယ်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးတွေ့ဆုံဆွေးနွေး

မင်းတုန်း   မေ ၂၂

မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ  ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၃ နာရီခွဲက အောင်ဆန်းခန်းမတွင် ပြုလုပ်ရာ သရက်ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးတင်မျိုးလတ်နှင့် အဖွဲ့ဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ ဆရာမများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင်  သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးလတ်နှင့် အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး ဝင်းနိုင်ဦးတို့က ကျောင်းများဖွင့်လှစ်ရာတွင် စီမံဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ကျောင်းများနှင့် ကျောင်းသားကျောင်းသူများအတွက် ဆောင်ရွက်ရမည် လုံခြုံရေး လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် ခရိုင်ပညာရေးမှူး ဦးကျော်ဦးက ကျောင်းများ ဖွင့်လှစ်ရာတွင် အခြေခံပညာ ကျောင်းများနှင့် ဆရာ/ဆရာမများ ကျောင်းသားကျောင်းသူများ အတွက် လိုအပ်သည့် တင်ပြတောင်းခံမှုများအား အချိန်နှင့်တပြေးညီ ဖြည့်ဆည်း ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရသည်။

မြို့နယ်ပြန်/ဆက်