ပုလော မေ ၂၂
ကမ္ဘာ့နိုင်ငံတစ်ချို့နှင့် အိမ်နီးချင်းနိုင်ငံ တစ်ချို့တွင် ကိုဗစ်-၁၉ရောဂ ဖြစ်ပွားမှုနှုန်းများ ပြန်လည် မြှင့်တင့်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက ပုလောမြို့ မကျည်းကုန်းခန်းမ၌ ကိုဗစ်-၁၉ရောဂါကုသရေး အဆောင်များကို ပြန်လည် ပြင်ဆင်ခဲ့ကြောင်း သိရသည်။
ယခင်က ပုလောမြို့တွင် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် မကျည်းကုန်းခန်းမ၌ Quarantine Center (၂)ခုကို ပုလောမြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီက ဖွင့်လှစ်ထားရှိရာ ယခုအခါတွင် ကျောင်းများ ပြန်လည် ဖွင့်လှစ်တော့မည်ဖြစ်၍ မကျည်းကုန်းခန်းမသို့ ပြောင်းရွေ့၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့အတူ ပုလောမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာ အသီးသီ:တွင် ဖွင့်လှစ်ထားရှိသော Quarantine Center များကိုအလိုက် ကျန်းမာရေး၀န်ထမ်းများ၊ Volunteer များနှင့် အထောက်အကူပြု အဖွဲ့များဖြင့် လိုအပ်ပါက ကုသမှု ခံယူနိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အေးအေးမော် (ပုလောပြန်/ဆက်)