ကမမောင်းမြို့ ကိုးနဝင်းဘုန်းတော်ကြီးကျောင်း သင်တန်းခန်းမ၌ အခြေခံအပ်ချုပ်စက်သင်တန်း ဖွင့်လှစ်ပို့ချ

 

ကမမောင်း      မေ ၂၂

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊အမှတ် (၄)ရပ်ကွက်အတွင်းရှိ ကိုးနဝင်းဘုန်းတော်ကြီးကျောင်းရှိ သင်တန်းခန်းမတွင် ဘားအံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက်ရည်ရွယ်၍ အိမ်တွင်းအသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက် သင်တန်းကို မေလ(၅)ရက်နေ့မှ ဇွန်လ(၇)ရက်နေ့အထိဖွင့်လှစ်သင်ကြား ပေးလျက် ရှိကြောင်း သိရသည်။

 

အဆိုပါ အခြေခံအပ်ချုပ်စက်သင်တန်းသို့ ကမမောင်းမြို့ပေါ်ရပ်ကွက်နှင့် အနီးဝန်းကျင်ရှိကျေးရွာများမှ သင်တန်းသူ စုစုပေါင်း(၄၂)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းနည်းပြဆရာမ(၂)ဦးက လက်တွေ့သင်ကြားပြသပေး လျက်ရှိကြောင်း၊ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု    အပ်ချုပ်စက်သင်တန်း   တက်ရောက်နေကြသော သင်တန်းသူ များ အတွက် နံနက်စာ၊ နေ့လယ်စာနှင့်ညနေစာများ၊  သင်တန်းအထောက်အကူပြုပစ္စည်း ကုန်ကျစရိတ်များ၊  သင်တန်းဖွင့်ပွဲ၊    သင်တန်းဆင်းပွဲ   ကုန်ကျစရိတ်များ၊ သင်တန်းနည်းပြငှားရမ်းခနှင့် အထွေထွေ     ကုန်ကျစရိတ်များကို   ဘားအံမြို့နယ်၊   ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့်ကျခံသုံးစွဲ၍ သင်တန်းကို ဖွင့်လှစ်သင်ကြားပေးခြင်း ဖြစ်ကြောင်း သိရသည်။

ကမမောင်း ( ပြန် / ဆက်)