ကော့ကရိတ် မေ ၂၂
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ ယမန်နေ့ နံနက် ၉ နာရီအချိန်မှစ၍ အလှည့်ကျစနစ်ဖြင့် ပုံမှန် ထုတ်ပေး လျက်ရှိကြောင်း သိရသည်။
ကော့ကရိတ်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားပင်စင်ထုတ်ယူမည့် ဝန်ထမ်းဦးရေ (၁၉၈၇)ဦးရှိပြီး ယမန်နေ့တွင် ပင်စင်လစာလာရောက်ထုတ်ယူသူ (၃၈၃)ဦးအတွက် စုစုပေါင်းငွေကျပ် သိန်း (၅၁၁၈၅၉၁၇.၁၅) ထုတ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အငြိမ်းဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်းကို လကုန်ရက်နေ့အထိ အများပြည်သူ ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ရက်များတွင် နေ့စဉ်နံနက် ၉ နာရီအချိန်မှ မွန်းလွှဲ ၁ နာရီအချိန်ထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထုတ်ပေး သွားမည်ဖြစ်ရာ ပင်စင်လစာ လာရောက် ထုတ်ယူသူများအနေဖြင့် မိမိကြိုက်နှစ်သက်ရာ ရက်များတွင် လာရောက် ထုတ်ယူနိုင်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။
စောအောင်မျိုးလွင်(ပြန်/ဆက်)