နတ်မောက် မေ ၂၁
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့ မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်စားများအတွက် ပင်စင်လစာများကို ယနေ့နံနက် ၇ နာရီအချိန်ခန့်မှစတင်၍ ထုတ်ပေးလျက်ရှိသည်။
ထိုသို့ ထုတ်ပေးရာတွင် ပင်စင်စားများအား ပင်စင်လစာထုတ်ယူရာ၌ အဆင်ပြေချောမွေ့ စေရေးအတွက် နေရက်အလိုက်ထုတ်ပေးလျက်ရှိရာ နတ်မောက်မြို့နယ်အတွင်းရှိ ရပ်ကွက် /ကျေးရွာများမှ ပင်စင် စားများကို မေလ (၂၁)ရက်နေ့မှ (၂၈)ရက်နေ့အထိ နေ့စဉ်နံနက်(၇ )နာရီမှ ညနေ(၃)နာရီအထိ ထုတ်ပေး လျက်ရှိသည်။
ထို့ပြင် သတ်မှတ်ရက်များတွင် လာရောက်ထုတ်ယူခြင်းမရှိသော အငြိမ်းစားများအား ဇွန်လဆန်းတွင် ဘဏ်လုပ်ငန်းချိန်အတွင်း၌ ပင်စင်များကိုထုတ်ပေးမည်ဖြစ်ပြီး၊ နတ်မောက်မြို့နယ်တွင် မြန်မာ့ စီးပွား ရေးဘဏ်မှ ပင်စင်ထုတ်ယူသူ (၁၆၀၀)ဦးခန့်ရှိကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။
သင်းသင်းဝေ( နတ်မောက်)