ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းကျင်းပ

ကြာအင်းဆိပ်ကြီး မေ ၂၁

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၏ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီအချိန် က မြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းကြည် က စာပေချစ်မြတ်နိုးသူများနှင့် စာပေဝါသနာရှင်များကို ဖိတ်ခေါ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းဖြင့် ပြည်သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေကာ စာဖတ်သူဦးရေတိုးပွားလာစေခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် များစွာ အကျိုးရှိစေမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက်  ဆွေးနွေးပွဲကိုစတင်ဆွေးနွေးရာ  စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club၊ Youth Club)အဖွဲ့ဝင်များက မိမိတို့ကြိုက်နှစ်သက်ရာ ခေါင်းစဉ်များဖြင့် စာအုပ်ပါအကြောင်း အရာများအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မျိုးမင်းဦး (ပြန်/ဆက်)