ကံမ မေ ၂၁
မကွေးတို်ငးဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ အမှတ်(၂)ရပ်ကွက် ဗိုလ်ချုပ်လမ်း ရှိ မြေသား ရေမြောင်းအား ရေစီးရေလာကောင်းမွန်စေရေးအတွက် အုတ်စီရေမြောင်းအဖြစ် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အဆိုပါဆောင်ရွက်ခဲ့သောအုတ်စီရေမြောင်းမှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မြို့နယ် စည်ပင် သာယာရေးအဖွဲ့ ရန်ပုံငွေမှ ငွေကျပ် ၈၀ သိန်း ဖြင့် ရေမြောင်း အရှည်ပေ ၄၀၀ ၊ အကျယ် ၂ ပေနှင့်အနက် ၂ ပေ ၆ လက်မအား ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ကံမမြို့နယ် စည်ပင် သာယာရေး အဖွဲ့ထံမှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)