စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်းမြို့နယ်နှင့်ဝန်းသိုမြို့နယ်အတွင်းရှိကုလားအော်ငရုတ်သီး အထွက်နှုန်းနည်းပြီး စျေးမကောင်းသဖြင့် စိုက်ပျိုးတောင်သူများ အရှုံးပေါ်

ကောလင်း မေ ၂၁

 

စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်းမြို့နယ်နှင့်ဝန်းသိုမြို့နယ်အတွင်းရှိ၊ကျေးရွာအချို့တွင် ကောလင်း စျေးကွက်ကို အမှီပြု၍ ကုလားအော်ငရုတ်သီးကို စီးပွားဖြစ်စိုက်ပျိုးကြရာ ယခုနှစ် ကုလား အော်ငရုတ်သီးသည်  အထွက်နှုန်းနည်းပြီး စျေးမကောင်းသဖြင့် စိုက်ပျိုးတောင်သူများ အရှုံးပေါ် လျက်ရှိကြောင်း သိရသည်။

 

 

ကုလားအော်ငရုတ်သီးကို နိုဝင်ဘာလမှာ စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလထဲမှာ  စတင်ကောက်ယူ နိုင်ပါတယ်။ ကုလာအော်ငရုတ်သီးကို ကိုယ်တိုင်မျိုးယူကြပြီး ဧကဝက်ကိုစိုက်ပျိုးစရိတ် ၁သိန်းခန့်သာကုန်ကျပြီး ကုန်ကျစရိတ်နည်း၍ အမြတ်များများရရှိသည့်အတွက် ယခင်နှစ်များထက် ပို၍ယခုဆိုရင် တစ်ရွာလုံး စိုက်ပျိုးခဲ့ကြပါတယ်။

 

ယခင်နှစ်များတွင် ကုလားအော်ငရုတ်သီး ဧကဝက်ကိုတစ်ခါကောက်လျှင် ပြည်၇၀၀ခန့်ရရှိပြီး ဆယ်ရက်လျှင်တစ်ကြိမ်ကောက်ရပြီး  တစ်ပြည်ကို ၂၅၀၀ကျပ်နှင့်ဖောက်သည်များက အိမ်အရောက် လာဝယ်ကြပါတယ်။ ယခင်နှစ်ကကုလားအော်ငရုတ်သီး ဧကဝက်စိုက်ကို အမြတ်ငွေ ၅၅ သိန်းကျော်ခန့် ရရှိခဲ့ပါတယ်။ယခုနှစ်မှာတော့ ကုလားအော်ငရုတ်သီး ပိုးမွှား ရောဂါ၊မှိုရောဂါများစွာ ကျရောက်သည့်အတွက် ကုန်ကျစရိတ်များ ဧကဝက်စိုက်ကို ယခင်နှစ်များထက် တစ်ဆ ကုန်ကျ စရိတ်မြှင့်တက်ပြီး အထွက်နှုန်းကလည်း ငရုတ်စိုက်တောင်သူတိုင်း အထွက်နှုန်းနည်ပြီး အရှုံး ဘက်ကို များကြပြီး ဧကဝက်စိုက်တစ်ခါကောက်ကို ပြည်၅၀ လောက်သာရရှိပြီး တစ်ပြည် ကို၁၄၀၀ကျပ်သာ ရောင်းချရသည့်အတွက် အရင်းကိုမနည်းရအောင် ယူရမည်ဖြစ်ပါတယ်။"ဟု ဝန်းသိုမြို့နယ် ကြိုင်းခွင်ကျေးရွာမှ ကုလားအော်ငရုတ်သီစိုက်တောင်သူ တစ်ဦးက ပြောပြသည်။

 

အဆိုပါကျေးရွာများတွင် ကုလားအော်ငရုတ်သီးကို အထွက်နှုန်းနည်းပြီး စျေးမကောင်းသဖြင့် တစ်ချိုး အခင်းရှင်များသည် စိုက်ခင်းများဖျက်သိမ်းပြီး အခြားသီးနှံတစ်မျိုးကို ပြန်လည် စိုက်ပျိုးကြသည်။

 

၎င်းကျေးရွာများတွင် သီနှံတစ်မျိုးကို ဧကဝက်ခန့်သာစိုက်ပျိုးကြပြီး  သီးနှံတစ်မျိုးစျေးမကောင်း ပါက အခြားသီးနှံတစ်မျိုးက အစားထိုးခြင်းအလို့ငှာ ဧကနည်းနည်းဖြင့် သီးနှံမျိုးစုံပျိုးကြကြောင်း သိရသည်။

မြင့်ထွန်းမင်း(ကောလင်း)