ဆင်ပေါင်ဝဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်ထုတ်ယူရာ၌ လူစုလူဝေး မဖြစ်ပေါ် စေရေးအတွက် ပင်စင်စားများအားနေ့အလိုက်ထုတ်ပေး


ဆင်ပေါင်ဝဲ  မေ   ၂၁

 

မကွေးတိုင်းဒေသကြီး  ၊  သရက်ခရိုင်  ၊  ဆင်ပေါင်ဝဲမြို့ မြန်မာ့စီးပွားရေးဘဏ်မှ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးကာလအတွင်း ပင်စင်စားများအတွက် ပင်စင် များကို   ယနေ့ နံနက်မှ စတင်၍လူစုလူဝေး မဖြစ်ပေါ်စေရေးထုတ်ပေးလျက်ရှိသည်။

 

ထိုသို့ ထုတ်ပေးရာတွင်   ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ    ထုတ်ပြန်ချက်များနှင့်အညီ   ပင်စင်လာရောက်ထုတ်ယူသူများအား   ကိုဗစ်-၁၉  ရောဂါ ကာကွယ် ထိန်းချုပ်ရေး အတွက် စနစ်တကျ ရှိစေရန် လက်ဆေးဘေစင်များ   ပြုလုပ်ထားခြင်း   ၊  လူတစ်ဦးနှင့် တစ်ဦး(၆)ပေအကွာနေထိုင်ခြင်းများကို ဆင်ပေါင်ဝဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ စီမံ ဆောင်ရွက် လျက်ရှိပါသည်။

 

 

အဆိုပါ   ပင်စင်ထုတ်ယူရာ၌    လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက်  မေလ   ၂၁  ရက်နေ့မှ၂၈ ရက်နေ့အထိ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ များမှ ပင်စင်စားများအား နေ့စဉ်နံနက် ၈ နာရီခွဲမှ နေ့လယ် ၂ နာရီအထိ ထုတ်ပေးလျက်ရှိရာ ဆင်ပေါင်ဝဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်ထုတ်ယူသူ (၇၃၉) ဦးခန့်ရှိကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။
 

 

  ချိုချိုဝင်း(ဆင်ပေါင်ဝဲ)