ကျိုက်ဒုံ မေ ၂၀
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ အမှတ်(၄)ရပ်ကွက်၊ ပိတောက်လမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းကို စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အဆိုပါ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ကျိုက်ဒုံမြို့ စည်ပင်သာယာရေး အဖွဲ့မှ (၂၀၂၀ - ၂၀၂၁) ခုနှစ်၊ ဘဏ္ဍာနှစ် ပြည်နယ်ဘတ်ဂျက် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ (၁၆.၄၇၀) ကျပ်သန်းဖြင့် ဆောင်ရွက်ခဲ့ပြီး လမ်း အကျယ်၁၂ပေ၊ ၃လက်မထု၊ လမ်းပေ အရှည် (၁၀၀၀) ပေရှိပြီး ကျိုက်ဒုံမြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအငယ်တန်း အင်ဂျင်နီယာ-(၂) ဦးဟန်ဝင်းချိုမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျိုက်ဒုံ(ပြန်/ဆက်)