ဇလွန် မေ ၂၀
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ( Community Centre )ခန်းမတွင် ယနေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် စာအုပ်စာပေချစ်မြတ်နိုးသူများ Book Club အသင်းအဖွဲ့ဝင်များက စာရေးဆရာကြီး လယ်တွင်းသားစောချစ်ရေးသားသော “ပန်းလိုချင် အပင်ကိုပျိုးတတ်မှ” စာအုပ်ဖြင့်စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးမြင့်သိန်းကစာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်စာပေချစ်မြတ်နိုးသူများ Book Club အသင်းအဖွဲ့ဝင်များက စာရေးဆရာကြီးလယ်တွင်းသားစောချစ်ရေးသားထားသော “ပန်းလိုချင်အပင်ကိုပျိုးတတ်မှ” စာအုပ်ပါ အကြောင်းအရာများအားအပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)