ပဲခူး မေ ၂၀
ပဲခူးမြို့နယ် အိုးဘိုကျေးရွာအုပ်စု၊ အိုးဘိုကျေးရွာတွင် မေ ၂၀ ရက် နံနက် ၈နာရီခွဲက ပဲခူးတိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ၁၁/၀.၄KV၊ (၂၀၀) KVA ဓာတ်အားခွဲရုံ(၁)ရုံနှင့် ၁၁KVဓာတ်အားလိုင်း(၁၀၈၀)ပေအား 10M Concrete Pole, ACSR 95mm2ဖြင့် လက်ရှိ(၄၀၀)ဗို့လိုင်းနှင့် နှစ်ထပ်လိုင်းပြုလုပ် တိုးချဲ့ဆောင်ရွက်ပြီးစီးခဲ့သဖြင့် လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့သည်။
အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဝင်(၂) ဦးတင်ဦး၊ ပဲခူးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဦးရဲဝဏ္ဏ၊ ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးမြင့်ထွေး၊ ပဲခူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးညီညီဝင်းနှင့် အဖွဲ့ဝင် များ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီနှင့် လျှပ်စစ် ဝန်ထမ်းများ၊ကျေးရွာနေပြည်သူများ တက်ရောက် ကြပြီး ပဲခူးတိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဝင်(၂)ဦးတင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုစာရွက်စာတမ်းများအား ကျေးရွာမီးလင်းရေးကော်မတီအဖွဲ့များထံ ပဲခူးတိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေး ကောင်စီဝင်(၂) ဦးတင်ဦးက လွှဲပြောင်းပေးအပ်ပြီး ၁၁/၀.၄KV၊ (၂၀၀)KVA ဓာတ်အားခွဲရုံအား ကောင်စီဝင်(၂)နှင့် တက်ရောက် လာကြသူများက အမွေးနံ့သာရည်များပက်ဖျန်းကာ စက်ခလုတ်နှိပ်၍ ကျေးရွာအတွင်း လျှပ်စစ်မီးလွှတ်ပေး ခဲ့ကြောင်း သိရသည်။
ယင်းနောက်ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဝင်(၂) ဦးတင်ဦးနှင့်အဖွဲ့များသည် ကျေးရွာနေ ပြည်သူများ လျှပ်စစ်မီးသုံးစွဲ နေမှုကို လိုက်လံကြည့်ရှု့ခဲ့ပြီး လျှပ်စစ်ဝန်ထမ်းများကလည်း ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေးအတွက် အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးကြကြောင်း သိရသည်။
ပဲခူးမြို့နယ် အိုးဘိုကျေးရွာအုပ်စု၊ အိုးဘိုကျေးရွာတွင် အိမ်ခြေ(၄၅၀)၊ အိမ်ထောင်စု(၄၅၀)စု၊ လူဦးရေ (၂၂၁၀)ဦးရှိပြီး အဆိုပါ ကျေးရွာ လျှပ်စစ်မီးလင်းရေးအတွက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ ၁၁KVဓာတ်အားလိုင်း(၁၀၈၀)ပေ၊ ၁၁/၀.၄KV ၂၀၀KVAခွဲရုံ (၁)ရုံတို့အား ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ ကျပ်သိန်း (၂၄၃)သိန်းကျော် အကုန်ကျခံပြီ ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)