ဖာပွန်ခရိုင်ရုံး Community Centre တွင် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ဖာပွန် မေ ၂၀

 ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် စာရေးဆရာဖေမြင့် ရေးသားသည့် "အပြောင်မြောက် ဆုံးဘဝတစ်ခုတည်ဆောက်ခြင်း" ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၂) နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

 ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်သက်ဦးက စာပေချစ်မြတ်နိုးသူများနှင့် စာပေဝါသနာရှင်များကိုဖိတ်ခေါ်၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ  ပြုလုပ်ခြင်းဖြင့် ပြည်သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေကာ စာဖတ်သူဦး‌ရေ တိုးပွားလာစေခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးရှိစေမည်‌ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 ထို့နောက်  ဆွေးနွေးပွဲကိုစတင်ဆွေးနွေးရာ  စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club၊ Youth Club)အဖွဲ့ဝင်များက မိမိတို့ကြိုက်နှစ်သက်ရာ ခေါင်းစဉ်များဖြင့် စာအုပ်ပါအကြောင်း အရာများအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

စိုင်းကျော်ဝဏ္ဏ(ပြန်/ဆက်)