လှိုင်းဘွဲ မေ ၂၀
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာအုပ်စာပေ ချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန်၊ အချင်းချင်း ဝိုင်းဖွဲ့ဆွေးနွေးခြင်းအားဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ် အသိအမြင်များ မျှဝေတတ်စေရန်နှင့် စာပေမှရရှိလာသော အသိအမြင် ဗဟုသုတများကို အကျိုးရှိစွာ အသုံးချတတ်လာစေရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီခွဲအချိန်တွင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ Book Club အဖွဲ့ဝင် ဦးလင်းခိုင်က စာရေးဆရာ ရဲမြင့်(စွန့်ဦးတီထွင်)ရေးသားသော ကိုယ်ကျင့်တရား စာအုပ်၏ ရည်ရွယ်ချက်နှင့် ကိုယ်ကျင့်တရား ကောင်းမွန်စေရန် ရေးသားထားသည့် အဓိကအကြောင်းအရာ များကို ဆွေးနွေးပြီး မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းမြင့်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာသော စာပေချစ်မြတ်နိုးသူများအချင်းချင်း စာအုပ်တွင်ပါရှိသော ခေါင်းစဉ်များအလိုက် အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)