ဘုရားသုံးဆူမြို့တွင် ကြက်ခြေနီတပ်ဖွဲ့မှ မိုင်း အသိပညာပေး ဟောပြောပွဲ လုပ်ငန်းများဆောင်ရွက်

 

ဘုရားသုံးဆူ မေ ၁၉

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင်  ပြည်သူများ မိုင်း သိပညာရရှိစေရန် ရည်ရွယ်၍ ဘုရားသုံးဆူမြို့ ကြက်ခြေနီတပ်ဖွဲ့က မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်း၍ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်းကို မေလ ၁၅ ရက် နံနက် ၈ နာရီအချိန်၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါဆောင်ရွက်မှုများအား ဘုရားသုံးဆူမြို့ ကြက်ခြေနီတပ်ဖွဲ့မှ တပ်ခွဲမှူး ဦးမြင့်နိုင်က ဦးဆောင်၍ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများက အသံချဲ့စက်များဖြင့် မိုင်းအသိပညာအကြောင်း နှင့် Covid -19 နှင့်ပတ်သက်သော အကြောင်းအရာများအား ပြောကြားခဲ့ပြီး မိုင်းအသိပညာပေး လက်ကမ်းစာစောင်များ၊ Mask နှင့် hand gel များ အခမဲ့ပေးဝေခဲ့ကြောင်း သိရသည်။

ဘုရားသုံးဆူ(ပြန်/ဆက်)