ထန်းတပင် (ပဲခူး) မေ ၁၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့ စာကြည့်တိုက်အား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ခေတ္တပိတ်ထားခဲ့ပြီး ယခုအခါ ပြည်သူများ စာပေလေ့လာဖတ်ရှုနိုင်ရန်အတွက် ပြည်သူ့စာကြည့်တိုက်အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ပြည်သူ့စာကြည့်တိုက်အား နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ အစိုးရ ရုံးပိတ်ရက်များမှအပ နေ့စဉ်ဖွင့်လှစ်ပေးလျက်ရှိရာ နေ့စဉ်ထုတ်သတင်းစာများ၊ မဂ္ဂဇင်းများ၊ ဂျာနယ်များ၊ ရုပ်ပြစာအုပ်များ၊ အပျော်ဖတ် ဝတ္တုများ၊ သုတ/ ရသစာအုပ် စုစုပေါင်း (၈၄၃၇) ဖြင့် မည်သူမဆို အခမဲ့ ငှားရမ်းဖတ်ရှုနိုင်ရန် ဝန်ဆောင်မှုပေးခြင်းအပြင် ကလေးများအတွက် ပုံပြောခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ အရုပ်ခေါက်ခြင်း၊ Online မှတစ်ဆင့် စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်များကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)