အထက်မင်းလှ မေ ၁၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် အလုပ်သမားလူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် နိုင်ငံသား စိစစ်ရေးကတ်မရရှိသေးသည့် ဒေသခံပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့်ရရှိစေရန်အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ယမန်နေ့ နေ့လယ် (၃)နာရီက အမှတ်(၁၀)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကုန်းကြီး)ရှိ တပ်နယ်ခန်းမ၌
ကျင်းပခဲ့ကြောင်း သိရသည်။
ထိုသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ရာတွင် မင်းလှမြို့နယ်အလုပ် သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာမြို့နယ်ဦးစီးမှူး ဦးစန်းမင်းက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၏ အသုံးဝင်မှုနှင့် ပျောက်ဆုံး/ ပျက်စီးမှုမရှိစေရေး စနစ်တကျကိုင်တွယ် အသုံးပြုရမည့် နည်းစနစ် များကို အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် အမှတ်(၁၀)ကာကွယ်ပစ္စည်းစက်ရုံ(ကုန်းကြီး)မှ အသက် (၁၀) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်သူ ကျား(၃) ဦး၊ မ(၁)ဦး၊အသက် (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်လဲလှယ် ကျား (၁၇)ဦး၊ မ(၂၉)ဦး ၊ပျောက်ဆုံး၊ပျက်စီး ထုတ်ပေး ကျား (၄၇)ဦး၊ မ (၄ဝ)ဦးစုစုပေါင်း (၁၃၇)ဦးတို့အား နိုင်ငံသား စိစစ်ရေးကတ်ပြားကို တစ်ဦးချင်း လက်ဝယ်အရောက်ပေးအပ်ခဲ့သည်။
မင်းလှမြို့နယ်အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာများ မှ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ် ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိ ကြောင်းသိရသည်။
ဇာဇာ(အထက်မင်းလှ)