ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ မြေစိုက်နံရံကပ်ပြဘုတ်တွင် အသိပညာပေး နံရံကပ်စာစောင်များ ပြသထားရှိ

မြဝတီ မေ ၁၉ 

ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်းရှိ ပြည်သူများအား မှန်ကန်သော သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ သိရှိစေရန်နှင့် အသိဉာဏ်ပညာများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်ချက်ဖြင့်  ယနေ့နံနက် (၁၀) နာရီ အချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ရှိ မြေစိုက်နံရံကပ်ပြဘုတ်တွင် အသိပညာပေး နံရံကပ် စာစောင်များ ပြသထားကြောင်း သိရသည်။ 

အဆိုပါ  နံရံကပ်ပြဘုတ်တွင် မြန်မာ့အလင်းသတင်းစာ၊ ကြေးမုံသတင်းစာတို့တွင် ပါရှိသည့် နိုင်ငံတော်အကြီးအကဲများ၏ မိန့်ခွန်းကောက်နုတ်ချက်များ၊ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုရေးဆိုင်ရာ ဆောင်းပါးများ၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်သည့် အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိလာသည့်  ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ စိတ်ပိုင်းဆိုင်ရာဆိုး ကျိုးများနှင့် ဆေးကုသနိုင်သည့် ဌာနများတို့ပါဝင်ကြောင်း သိရသည်။ 

မန်းသန်းရွှေမြင့် (ပြန်/ဆက်)