ဝက်လက်မြို့နယ်၌ နွေနှမ်းများ စိုက်ပျိုး အောင်မြင်

ဝက်လက် မေ ၁၉
စစ်ကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်၊ဝက်လက်မြို့နယ်တွင် ၂၀၂၁ ခုနှစ် နွေရာသီ ၌ သဖန်းဆိပ်ဆည်ရေမှ စိုက်ပျိုး ရေ ပေးဝေနိုင်ခြင်းမရှိသော်လည်း ဒေသခံ တောင်သူ များအနေဖြင့် မြေအောက်ရေတွင်းများတူးဖေါ်ကာ နွေနှမ်း များကို အင်တိုက်အားတိုက် စိုက်ပျိုးရာ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ( ၄၈) အုပ်စု တွင် ( ၄၅၂၉၇) စိုက်ပျိုး ထားရှိပြီး အဆိုပါနွေနှမ်းများ စိုက်ပျိုး အောင်မြင် လျက်ရှိ ကြောင်း ဒေသခံတောင်သူများထံက သိရသည်။
ဝက်လက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသနှင့်ကိုက်ညီသော နှမ်းနက်မျိုး ဖြစ်သည့် ဆင်းရတနာ ( ၁၄) ကို ဂွေးကုန်းမျိုးသန့်ခြံမှ မှာယူ၍ တောင်သူများ ကို ဖြန့်ဖြူးပေးပြီး မျိုးကောင်းမျိုးသန့် ပွားများတိုးပွားရေးအတွက် လည်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည် ။
မြို့နယ်အတွင်း လမင်းနှမ်းပွဲရုံတွင်လည်း ၊လက်ရှိ နှမ်းနက် တစ်တင်း ဒေသ ပေါက်စျေး ၄၅၀၀၀ ကျပ်ရှိကြောင်း နှင့် နွေနှမ်းတစ်ဧကလျှင် တင်း (၂၀) ခန့် ထွက်ရှိနိုင်ကြောင်း ဒေသခံတောင်သူများ နှင့် ဝက်လက်မြို့နယ် စိုက်ပျိုး ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှမိုးကျော် တို့၏ ပြောကြားချက်အရ သိရှိရ ပါသည်။
စိုးစိုးလှိုင်(ဝက်လက်)