ရွှေဘို မေ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနသည် ငါးသယံဇာတများပြုန်းတီး မှုမရှိစေရန် ရေချိုငါးလုပ်ငန်း ဥပဒေနှင့်အညီ ငါးလုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ဥပဒေလုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်နိုင်ရေးနှင့် ဧရာဝတီလင်းပိုင် စောင့်ရှောက်ထိန်းသိမ်းသည့်လုပ်ငန်းများပိုမိုဆောင်ရွက်နိုင်ရေးတို့အတွက် စစ်ကိုင်းတိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီ၏၂၀၂၀-၂၀၂၁ဘဏ္ဍာ ရေးနှစ်၊ငွေလုံးငွေရင်းအသုံးစရိတ်ရန် ပုံငွေဖြင့် ချင်းတွင်းမြစ်နှင့်ဧရာဝတီမြစ် များအတွင်းငါးသယံဇာတနှင့်ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးအတွက် DOF SGG (001)နှင့် SGG(002)ရေယာဉ်နှစ်စီးကို ဆောက်လုပ်ခဲ့ကြပြီး ကွင်းဆင်း ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
အဆိုပါရေယာဉ်နှစ်စီးအနက် DOF SGG(001)ရေယာဉ်ဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ကြီး ကြပ်မှုဖြင့်ရွှေဘိုခရိုင်ငါးလုပ်ငန်း ဦးစီးဌာန၊ဦးအောင်သန်းဦး (ဒုတိယညွှန်ကြားရေးမှူး) ဦးဆောင်သောအဖွဲ့သည် မေလ ၁၅ ရက်နေ့ကစတင်ပြီးမုံရွာမြို့မှချင်းတွင်းမြစ်ကြောင်းအတိုင်း စတင်ထွက်ခွာခဲ့ကြရာ ချင်းတွင်း မြစ်နှင့် ဧရာဝတီမြစ်ဆုံသို့ရောက်ရှိပြီး ၎င်းမှတစ်ဆင့် မြေတော်အထိ ငါးသယံဇာတထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်ပြီး မေလ ၁၆ ရက်နေ့တွင် ရွှေဘိုခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်သန်းဦး၊ ဦးဆောင် သောအဖွဲ့နှင့်စစ်ကိုင်း ခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ခရိုင်ဦးစီးမှူး ဦးအယ်တူးရိန်တို့ပူးပေါင်းပြီး မြေတော်မှမန္တလေး အထိ ဧရာဝတီမြစ်အတွင်း သယံဇာတထိန်းသိမ်းရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထို့နောက်ပူးပေါင်းအဖွဲ့သည် မေလ ၁၇ ရက်နေ့တွင် မန္တလေးမှကျောက်မြောင်း မြို့အထိ ဧရာဝတီလင်းပိုင်ထိန်း သိမ်းရေးဧရိယာနယ်မြေ.၁အတွင်း ငါး သယံ ဇာတ ထိန်းသိမ်းရေးနှင့်ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးလှည့်ကင်းများ ကွင်းဆင်း ဆောင်ရွက်ခြင်း၊ မှတ်တမ်းပြုစုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုးသီဟ (ရွှေဘို)