ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်

ရှမ်းရွာသစ်  မေ ၁၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာအောင်သင်းရေးသားသော "ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ"စာအုပ် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ (၃)နာရီအချိန်ခန့်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ရှမ်းရွာသစ်မြို့ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ အဖွဲ့ဝင် ဦးစည်သူမျိုးက ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်သည့်အတွင် အင်တာနက်သည် သုံးတတ်လျှင် အကျိုးကျေးဇူးများစွာရရှိပြီး မသုံးတတ်လျှင် ဆိုးကျိုးများကြောင်း၊ လျင်မြန်စွာတိုးတက်ပြောင်းလဲနေသော ခေတ်ကြီးဖြစ်ရာ သတင်းအချက်အလက်နည်းပညာများ သိရှိပြီး အမှား၊အမှန်ဝေဖန်ပိုင်းခြားတတ်ဖို့လိုကြောင်း ၊ စာပေချစ်သူများအချင်းချင်း ချစ်ခင်ရင်းနှီးစေရန်နှင့် အသိပညာဗဟုသုတတိုးပွားစေရန် စာဖတ်ဝိုင်းကို ပုံမှန်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း စသည်ဖြင့်ရှင်းလင်းပြောကြားပြီးနောက် စာရေးဆရာအောင်သင်းရေးသားသော "ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ"စာအုပ်တွင် ပါရှိသော အကြောင်းအရာများကို တစ်ဦးနှင့်တစ်ဦးအပြန်အလှန်  အကျဉ်းချုပ်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ရှမ်းရွာသစ်(ပြန်/ဆက်)