လှိုင်းဘွဲမြို့နယ်တွင် ပထမအကြိမ် မြစိမ်းရောင်ကျေးရွာ စီမံကိန်း ချေးငွေထုတ်ချေးပေး

လှိုင်းဘွဲ   မေ ၁၉

ကရင်ပြည်နယ်၊လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသော မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင် ကျေးရွာများအနက် ဒေါ်လန်းကျေးရွာအုပ်စု၊ အလယ်ရွာနှင့် မြလေကျေးရွာအုပ်စု၊ ရွာသာအေးကျေးရွာတို့တွင် ယနေ့ နံနက်ပိုင်းက ပထမအကြိမ် စီမံကိန်းချေးငွေ ထုတ်ချေးခြင်းကို  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါချေးငွေထုတ်ချေးပေးရာတွင် မြို့နယ်ဦးစီးမှူး ဒေါ်အေးမြနန္ဒာထွန်းက စီမံကိန်းချေးငွေဖြင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများကို ရွေးချယ်လုပ်ကိုင်စေလိုကြောင်း၊ သတ်မှတ်အရင်းနှင့် အတိုးဆပ်ကာလတွင် ပြန်လည်ပေးဆပ်ရန်လိုကြောင်း၊ အများပိုင်ငွေကြေးတစ်ရပ် ထူထောင်ပေးထားခြင်း ဖြစ်ခြင်းကြောင့် ထိန်းသိမ်းစောင့်ရှောက်ရန် ကျေးရွာသူ/ ကျေးရွာသားအားလုံးတွင် တာဝန်ရှိကြောင်း ပြောကြားသည်။

ယင်းနောက် စီမံကိန်းချေးငွေထုတ်ချေးရာတွင် အလယ်ရွာမှ စိုက်ပျိုးရေးလုပ်ငန်းအတွက် အသင်းဝင် (၁)ဦး၊ မွေးမြူရေးလုပ်ငန်းအတွက် အသင်းဝင်(၂)ဦး၊ အသေးစား  အသင်းဝင်(၁၃)ဦး၊ အသက်မွေး ၀မ်းကျောင်းလုပ်ငန်းအတွက် အသင်း၀င်(၁၀)ဦး၊ ရေလုပ်ငန်းအတွက် အသင်း၀င်(၂၉)ဦး စုစုပေါင်း အသင်းဝင်(၅၅)ဦး အတွက် ချေးငွေကျပ် (၂၉၈) သန်းနှင့် ရွာသာ‌အေးကျေးရွာမှ စိုက်ပျိုးရေလုပ်ငန်းအတွက် အသင်းဝင်(၂၂)ဦး၊ မွေးမြူရေးလုပ်ငန်းအတွက် အသင်းဝင်(၈)ဦး၊ အသေးစားအရောင်းအ၀ယ် လုပ်ငန်းအတွက် အသင်းဝင်(၂)ဦး၊ စုစုပေါင်း အသင်းဝင်(၃၂)ဦးအတွက် ချေးငွေ(၂၉၈)သန်းတို့ကို ထုတ်ချေးပေးခဲ့ပြီး မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျေးရွာကော်မတီဝင်များ၏ အသင်းဝင်များအား ချေးငွေထုတ်ချေးနေမှုအပေါ် အနီးကပ်ကြပ်မတ် ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။

မြို့နယ်(ပြန်/ဆက်)