ဧရာဝတီ-ဟင်္သာတတာနှင့် ဟင်္သာတကမ်းနားတာအတွင်း ဖြတ်တာအသစ်တည်ဆောက်ခြင်းနှင့် ဖောင်ဆိပ် ကျေးရွာကမ်း ထိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ဟင်္သာတ မေ ၁၉

ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် တိုင်းဒေသကြီးမှ တာဝန်ရှိသူများ၊ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများလိုက်ပါလျက် ယမန်နေ့ နံနက် ၁၀ နာရီခန့်က ဟင်္သာတမြို့နယ်ရှိ ဧရာဝတီ-ဟင်္သာတတာနှင့် ဟင်္သာတကမ်းနားတာ အတွင်း ဖြတ်တာအသစ် တည်ဆောက်ခြင်းနှင့် ဖောင်ဆိပ်ကျေးရွာ ကမ်းထိန်းလုပ်ငန်းများ အချိန်မီပြီးစီးရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်နှင့် တာဝန်ရှိသူများသည် ဧရာဝတီမြစ်ရေ တိုက်စားခြင်းမှ ကာကွယ်နိုင်ရန် အတွက် အိပ်ပျက်ကျေးရွာအုပ်စု ဖောင်ဆိပ်ကျေးရွာအနီးရှိ ဧရာဝတီ-ဟင်္သာတတာနှင့် ဟင်္သာတကမ်းနားတာအတွင်း တည်ဆောက်နေသည့် ဖြတ်တာ အသစ်၏ အလျား၊ အကျယ်၊ အမြင့်နှင့် တာခြေထောက်များ သတ်မှတ်ပေများအတိုင်း ဆောက်လုပ်နေမှု အခြေအနေတို့ကို ကြည့်ရှု စစ်ဆေး ခဲ့ပြီး တိုင်းဒေသကြီးနှင့် ဟင်္သာတခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှတာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ ရှင်းလင်း တင်ပြမှုများအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြား ခဲ့သည်။

ထို့နောက် ဖောင်ဆိပ်ကျေးရွာ ကမ်းထိန်းလုပ်ငန်းအခြေထိန်း Geo-Bag များ ဆောင်ရွက်နေမှုနှင့် မြစ်ကြောင်း လွှဲလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ကမ်းထိန်းလုပ်ငန်း ယာယီရှင်းလင်း ဆောင်တွင် ဟင်္သာတခရိုင်ရေ အရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူများက လက်ရှိဆောင်ရွက်နေမှု လုပ်ငန်းများကို ရှင်းလင်း တင်ပြခဲ့ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးရဲ့မြင့်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဟင်္သာတ(ခရိုင်ပြန်/ဆက်)