မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေး ထုံးကြဲပတ်ပွဲကျင်းပ

မအူပင်၊ မေ  ၁၉

ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ငါးကြီးဂရက်ကျေးရွာအုပ်စု၊ ဘက်စုံအဆင့်မြှင့် နည်းပညာသုံး စံပြကျေးရွာ၊ မိုးစပါးစံပြကွက်နှင့် မျိုးစေ့ထုတ်စိုက်ခင်းများတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ထုံးကြဲပတ်ခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် ၁၀ နာရီက တောင်သူ ဦးကျော်ကျော်၏ လယ်ယာမြေ (၁၀)ဧကတွင် ဆောင်ရွက်သည်။

အဆိုပါ ထုံးကြဲပတ်ခြင်းအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်မန်နေဂျာ ဦးသာအေး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်ဦးစီးမှူး ဦးစန်းဟန်၊ ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်ငြိမ်းငြိမ်းတိုး၊ မြို့နယ်မျိုးစေ့ တာဝန်ခံဒေါ်ခင်ခင်ချို၊ မြို့နယ်လယ်ယာမြေအသုံးချရေးတာဝန်ခံ ဒု/လက်ထောက်ဦးစီးမှူး ဦးဆန်းဇော်ဝင်းနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး မြို့နယ်အတွင်းရှိ ငါးကြီးဂရက်ကျေးရွာနှင့် အင်းမကျေးရွာတောင်သူ များတက် ရောက်ခဲ့ကြောင်း သိရသည်။

အောင်ခိုင် ၊ အောင်မြင့်မြတ်(မအူပင်)