ဘားအံ မေ ၁၈
ကရင်ပြည်နယ်၊ ဘားအံမြိုနယ်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတတ်ရေးအတွက် မြေလွတ်မြေလပ် မထားဘဲ စိုက်ပျိုးနိုင်သည့် စပါးနှင့် အခြားသီးနှံများ စိုက်ပျိုး၍ ဝင်ငွေရရှိစေရေးအတွက် ရည်ရွယ်ပြီး ဘားအံမြို့ရှိ တရုတ်လှကျေးရွာနေတောင်သူများအား သီးထပ်၊ သီးညှပ်စွမ်းအားတိုးတက်စိုက်ပျိုးရေး၊ ဈေးကွက်ဝင်သီးနှံများ စိုက်ပျိူးနိုင်ရေးပညာပေးခြင်းကို ယမန်နေ့ နံနက် (၁၁)နာရီခွဲအချိန်က မြစ်ရေးတင်စီမံကိန်း ရှင်းလင်းဆောင်တွင် အသိပညာပေးခဲ့ကြောင်း သိရ သည်။
ထိုသို့အသိပညာပေးဆောင်ရွက်ရာတွင် ဘားအံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်စိုက်ပျိုး ရေးဦးစီးမှူး ဦးဆဲင်ဇခုတ်က စိုက်ပျိုးစွမ်းအားတိုးတတ်ရေးအတွက်လည်းကောင်း၊ ဈေးကွက်ဝင် နှမ်း၊ မြေပဲ၊ ပဲမျိုးစုံနှင့် ပတ်သက်ပြီး လိုအပ်သည့် နည်းပညာများကို ပံ့ပိုးပေးမည့် အခြေအနေများ၊ အပိုဝင်ငွေ ရရှိစေရေးအတွက် သီးထပ်၊သီညှပ် စိုက်ပျိုးနိုင်မည့်သီနှံများ စိုက်ပျိုးနည်းပညာများ အကြောင်းကို လည်းကောင်း ရှင်းလင်းပေးခဲ့ကြောင်းသိရသည်။ ဆက်လက်၍ မြို့နယ်လယ် ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဆည်းမြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တရုတ်လှလျှပ်စစ် မြစ်ရေးတင်စီမံကိန်း၊ မြို့နယ်လယ်ယာ ဝန်ဆောင်မှုသမအသင်းတို့မှ သက်ဆိုင်ရာတာဝန်ရှိသူများက ကဏ္ဍအလိုက် ဆွေးနွေးပေးခဲ့ကြောင်းနှင့် တက်ရောက်လာကြသည့် ကျေးရွာနေ ပြည်သူများက သိရှိလိုသည်များကို မေးမြန်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)