ဘားအံ မေ ၁၈
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း(ဘားအံ)၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က အဆိုပါသင်တန်းကျောင်း သင်တန်းခန်းမ၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးစောမြင့်ဦးက အဖွင့်အမှာစကား ပြောကြား ပြီး ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်မြင့်က သင်တန်းများ ဖွင့်လှစ်မှုအခြေအနေ များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေကောင်စီဥက္ကဋ္ဌ့မှ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပြီး အခမ်းအနားသို့တက်ရောက်လာသော ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်မိရပ်ဖများနှင့်အတူ ခင်းကျင်းပြသထာသည့် သင်ထောက်ကူပစ္စည်း၊ ခေတ်မီဒီဇိုင်းလက်ရာများအား ကြည့်ရှု့အားပေးခဲ့ကြသည်။
ယနေ့ဖွင့်လှစ်သည့် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းကို ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ များနှင့် သံတောင်ကြီး၊ ကြာအင်းဆိပ်ကြီး၊ ကျိုက်ဒုံ၊ မွန်ပြည်နယ်ချောင်းဆုံမြို့များမှ စုစုပေါင်း သင်တန်းသူ ၃၀ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ မေလ ၁၇ ရက်နေ့မှ စက်တင်ဘာလ ၁၇ ရက်နေ့ထိ ရက်သတ္တပတ် ၁၈ ပတ် ကြာမြင့်မည် ဖြစ်ပါသည်။
အလားတူ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းတွင်လည်း ယနေ့နံနက်ပိုင်းက အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းဖွင့်ပွဲကို ကျင်းပရာ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးမျိုးမင်းနောင် တက်ရောက်အမှာစကား ပြောကြား၍ သင်တန်းအား ဖွင့်လှစ်ပေးခဲ့ပြီး ဒေသခံတိုင်းရင်းသားသင်တန်းသူ ၂၄ ဦး သင်တန်း တက်ရောက်လျက်ရှိကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)