လဟယ် မေ ၁၇ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၂)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန် လဟယ်မြို့ အမျိုးသမီးအိမ်တွင်းမှု သင်တန်းကျောင်း ခန်းမ၌ကျင်းပသည်။ ရှေးဦးစွာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထွန်းထွန်း၀င်းနှင့်အတွင်းရေးမှူး ဦးနေမင်းသူ ၊ ဒေသစီမံအုပ်ချုပ်ရေး အဖွဲ့၀င်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များ၊ ဌာနဆိုင်ရာများ မြို့မိ/ဖများ တက်ရောက်ချီးမြင့်ကြပါသည်။ အဆိုပါသင်တန်းတွင် လဟယ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုရွာများမှ သင်တန်းသူ(၂၄)ဦးအား သင်တန်းကာလ(၁၈)ပတ်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး ကျန်းမာရေး၀န်ကြီးဌာနမှချမှတ်ထားသော ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးစည်းကမ်းချက်နဲ့အညီပို့ချသွားမည်ဖြစ်ကြောင်း လဟယ်မြို့နယ် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးသောင်းထံမှ သိရသည်။ ရှားဆက်(လဟယ်)