ကော့ကရိတ်မြို့တွင် မိုးလုံလေလုံအားကစားရုံ တည်ဆောက်မှုလုပ်ငန်း ၅၀ % ပြီးစီး

 

 

ကော့ကရိတ် မေ ၁၇

 

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်လာစေရန် နှင့် လူငယ်လူရွယ်များအနေဖြင့် မူးယစ်အန္တရာယ်ကင်းစင်ပြီး အားကစားကဏ္ဍဘက်တွင် ပိုမိုစိတ်ဝင်စား လာစေရန်ရည်ရွယ်၍ ကော့ကရိတ်မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ၂၀၂၀ - ၂၀၂၁ဘဏ္ဍာနှစ်၊ ပြည်နယ်ဘတ်ဂျက် ရန်ပုံငွေဖြင့် ကော့ကရိတ်မြို့မအားစားကွင်းအတွင်းတွင် ဆောင်ရွက်လျက်ရှိသည့် မိုးလုံလေလုံအားကစားရုံ တည် ဆောက်ခြင်းလုပ်ငန်းမှာ (၅၀)ရာခိုင်နှုန်း ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

 

အဆိုပါ မိုးလုံလေလုံအားကစားရုံကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ပြည်နယ် ဘတ်ဂျက်ရန်ပုံငွေ ကျပ်သိန်း (၂၈၄ဒဿမ၈၂၂ ) ဖြင့် အလျား(၁၂)ပေ၊ အနံ(၉၀)ပေ၊ အမြင့်(၃၆)ပေရှိ steel structure မိုးလုံလေလုံ အားကစားရုံ တည်ဆောက်ခြင်း လုပ်ငန်းကို  HTUT&FAMILY Company Limitedမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး အဆိုပါမိုးလုံလေ လုံအားကစားရုံ ကို ဖေဖော်ဝါရီလတွင် စတင်ဆောင်ရွက်လျက်ရှိရာ  စက်တင်ဘာလအတွင်း အပြီးစီးဆောင်ရွက်သွားမည်ဖြစ်သည်။

 

မိုးလုံလေလုံအားစားရုံကို ဆောက်လုပ်ပြီးစီးပါက အဆိုပါအားကစားရုံတွင် ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ ဘတ်စ ကတ်ဘော၊ ကြက်တောင်အပြင် ဂျူဒိုစသည့် အားကစားနည်းများကို ကစားနိုင်မည်ဖြစ်ကြောင်း မြို့နယ်အားကစား နှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

 

စောအောင်မျိုးလွင်(ပြန်/ဆက်)