ဆင်ပေါင်ဝဲမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှတ်(၁) ရပ်ကွက်တွင် လမ်းမတော် လမ်းကတ္တရာ ထပ်ပိုးလွှာခင်း

ဆင်ပေါင်ဝဲ မေ ၁၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အနေဖြင့် ပြည်သူများ သွားလာမှုလွယ်ကူစေရေးနှင့် ကုန်စည်စီးဆင်းမှုလွယ်ကူမြန်ဆန်စေရေး အတွက် လမ်းများအား အဆင့်မြင့်တင်ပေးလျက်ရှိရာ ဆင်ပေါင်ဝဲမြို့၊ အမှတ်(၃) ရပ်ကွက်ရှိ လမ်းမတော် လမ်းကတ္တရာထပ်ပိုးလွှာခင်းခြင်းအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန် ပုံငွေကျပ် (၁၅၅.၂၄) သိန်းဖြင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းတွင် ဆင်ပေါင်ဝဲမြို့နယ် စည်ပင် သာယာရေးအဖွဲ့ တာဝန်ခံ အင်ဂျင်နီယာ ဦးအောင်ကျော်မင်းမှ တာဝန်ယူ ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး မေလ (၁၀) ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ကတ္တရာထပ်ပိုးလွှာခင်းခြင်းတွင် အရှည်(၁၈၀၀)ပေ၊ အကျယ် (၁၂)ပေ နှင့် ထုထည်မှာ (၆) လက်မရှိကြောင်း သိရသည်။

ချိုချိုဝင်း(ဆင်ပေါင်ဝဲ)