ကသာမြို့၌ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်

ကသာ မေ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ ကသာမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းခန်းမ၌ ယနေ့ နံနက်(၉)နာရီ အချိန်က အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၂) ဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ ဦးထွန်းကျော်ကျော်က အဖွင့် အမှာစကား ပြောကြားပြီးနောက် သင်တန်းသူများနှင့်တွေ့ဆုံ နှုတ်ဆက်အားပေး၍ သင်တန်းပို့ချမည့် နေရာ ပြင်ဆင်ထားရှိမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။

အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအား နယ်စပ်ဒေသရှိ အမျိုးသမီးငယ်လေးများ လူနေမှု ဘဝ မြင့်မားစေရေး၊ ဘဝလုံခြုံမှုရှိစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ခြင်း ဖြစ်ပြီး ယင်းသင်တန်းတွင် အခြေခံအင်္ကျီချုပ်ပုံအမျိုးမျိုး၊ ဇာထိုး၊ ပန်းထိုး၊ ပွဲတက်အင်္ကျီချုပ်နည်းများအပြင် ချက်နည်းပြုတ်နည်းများကို လေ့ကျင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ရာ အဆိုပါ သင်တန်းသို့ သင်တန်းသူ (၃၀)ဦး တက်ရောက်ပြီး သင်တန်း ကာလမှာ (၁၇.၅.၂၀၂၁) ရက်နေ့မှ (၁၇.၉.၂၀၂၁) ရက်နေ့အထိ (၁၈)ပတ်ကြာအောင် သင်ကြားပို့ချပေး သွားမည်ဖြစ်ကြောင်း အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းအုပ် ဆရာမကြီးထံမှ သိရှိရသည်။

ခရိုင် (ပြန်/ဆက်)