မင်းဘူးမြို့တွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရေးလုပ်ငန်း "ပန်းခင်း" စီမံချက် ရက်တိုသင်တန်းဖွင့်လှစ်

မင်းဘူး မေ ၁၆

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ စီစဉ် ကျင်းပသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရေး လုပ်ငန်း "ပန်းခင်း" စီမံချက် ရက်တိုသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က မင်းဘူးမြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မင်းဘူးခရိုင် ဦးစီမှူး ဦးမြင့်နိုင်မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မင်းဘူးမြို့နယ်ဦးစီးမှူး၊ ပွင့်ဖြူမြို့နယ်ဦးစီးမှူးနှင့် ငဖဲမြို့နယ်ဦးစီးမှူးတို့က အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရေးလုပ်ငန်း "ပန်းခင်း" စီမံချက်ဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို သင်တန်းပို့ချခဲ့ပြီး သင်တန်းသား/ သူ ဦးရေ (၅၀) ဦးရှိကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)