မြဝတီ မေ ၁၆
ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များအား ယဉ်ကျေးလိမ္မာ စေရန် အတွက် ယဉ်ကျေးလိမ္မာသင်တန်းကို မေလ(၁၁)ရက်နေ့မှစတင်၍ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်းကို မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ တောင်တန်းသာသနာပြုဘုန်း တော်ကြီးသင်ပညာရေးကျောင်း၌ ရှင်သာမဏေ(၁၂)ပါး၊ သင်တန်းသူ(၅၀)ဦးနှင့်သင်တန်းသား(၇၀)ဦးကို သင်တန်းနည်းပြ ဆရာတော်၊ ဆရာ/ဆရာမများက သင်ကြားပို့ချနေခြင်းဖြစ်သည်။
အဆိုပါ သင်တန်းတွင် ယဉ်ကျေးလိမ္မာသင်ခန်းစာအဖြစ် ဗုဒ္ဓဝင်အကျဉ်း၊ ရတနာမြတ်သုံးပါး ဂုဏ်တော်ပါဠိအနက်၊ ယဉ်ကျေးခြင်း၊ ယဉ်ကျေးလိမ္မာဆုံးမစာ အစရှိသည်တို့ကို မေလ(၁၁) ရက်နေ့မှ (၂၀) ရက်နေ့အထိ နေ့စဉ်နံနက် (၉) နာရီမှ (၁၁) နာရီအထိ သင်ကြားပို့ချလျက်ရှိကြောင်းသိရသည်။
မန်းသန်းရွှေမြင့်