မြဝတီမြို့နယ်ရှိ ယာယီပျိုးဥယျာဉ်များ၌ မိုးရာသီတွင် စိုက်ပျိုးရန် ပျိုးပင်များပျိုးထောင်ထား

 

 

မြဝတီ မေ ၁၅

ကရင်ပြည်နယ် မြဝတီမြို့နယ်တွင် မြို့ပြနှင့် ကျေးလက်ဒေသများ၌ သစ်ပင်သစ်တောများ စိမ်းလန်းစိုပြည်လာစေရေးနှင့် သစ်တောပြုန်းတီးမှုများ ပိုမိုများပြားလာသဖြင့် ရာသီဥတုပြောင်းလဲမှုများ ဖြစ်ပေါ်လာခြင်းကြောင့် သစ်တောပြုန်းတီးမှုများကို ထိန်းသိမ်း နိုင်စေရေးအတွက်ရည်ရွယ်၍ နှစ်စဉ်မိုးရာ သီ၌သစ်ပင်များစိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

ထိုသို့ မိုးရာသီတွင် သစ်ပင်များစိုက်ပျိုးနိုင်စေရန် မြို့ပြနှင့် ကျေးလက်ဒေသရှိ ပြည်သူများအား ဖြန့်ဝေပေးနိုင်ရေးအတွက် မြို့နယ်သစ်တောဦးစီးဌာနမှ  ကျွန်း၊ပျဉ်းကတိုး၊ ပိတောက်၊မဟော်ဂနီ၊ မန်ဂျန်ရှား၊ ငုရွှေဝါ၊ကုက္ကိုလ်၊တရုတ်တည်၊စိန်ပန်းသေး၊စိန်ပန်းကြီး၊ ဗန်ဒါ၊ဗက်တီဘာမြက် ၊ပျဉ်းမ၊သဖန်း၊ မာတာကွတ်နှင့် ရေဆူးပုတ်အစရှိသည့် ပျိုးပင်ပေါင်း(၆၀၀၀၀)ပြုစုပျိုး ထောင်စိုက်ပျိုး ထားလျက်ရှိသည်။

အဆိုပါပျိုးပင်(၆၀၀၀၀)ကို မိုးရာသီတွင် ပြည်သူများအား ဖြန့်ဝေပေးသွားမည်ဖြစ်ပြီး ဒေသအစုအဖွဲ့ပိုင် သစ်တော ၊သီးနှံသစ်တော ရောနှောစိုက်ခင်းနှင့်သဘာဝတော တန်ဖိုးမြှင့်စိုက်ခင်းများ အတွက်ကိုလည်း ပျိုးပင်များဖြန့်ဝေ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ် သစ်တောဦးစီးဌာနဦးစီးမှူးထံမှသိရသည်။

 

မန်းသန်းရွှေမြင့်(ပြန်/ဆက်)