တောင်တွင်းကြီး မေ ၁၅
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့သည့် မိုးနှမ်းသီးနှံအတွက် ထောက်ပံ့ကြေးငွေပေးအပ်ပွဲကို ယမန်နေ့ ညနေ (၃:၀၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။
ထောက်ပံ့ကြေးငွေပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်က အမှာစကား ပြောကြားခဲ့ပြီး ထောက်ပံ့ကြေးငွေများကို အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများအား အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ကြေးများကို မြို့နယ်အတွင်းရှိ မိုးနှမ်းများပျက်စီးခဲ့သည့် ကျေးရွာအုပ်စု (၁၄) အုပ်စု၊ တောင်သူပေါင်း (၃၀၃၈)ဦးတို့၏ မိုးနှမ်းပျက်ဧက စုစုပေါင်း (၄၈၉၀)ဧက အတွက် တစ်ဧကလျှင် (၅၀၀၀) နှုန်းဖြင့် ထောက်ပံ့ကြေးငွေ စုစုပေါင်း (၂၄,၄၅၀,၀၀ဝိ/-) ကျပ်တို့အား ပေးအပ်ခဲ့ကြောင်း သိရသည်။
နိုင်ဝင်း