ကော့ကရိတ် မေ ၁၅
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ စာဖတ်သည့် အလေ့အထကောင်းများ ရရှိလာစေရန်၊ စာဖတ်ခြင်းဖြင့်ရရှိလာမည့် အကျိူးကျေးဇူးများကို သိရှိစေလိုသော ရည်ရွယ်ချက်ဖြင့် စာရေးဆရာ လယ်တွင်းသားစောချစ်ရေးသားသည့် ပန်းလိုချင်အပင်ကိုပျိုးတတ်မှ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်၌ ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဒေါ်လှလှနွယ်က စာဖတ် ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက်(Youth Club) အဖွဲ့ဝင် မောင်တိမ်ယံက မိဘနှင့် ဥယျာဉ်မှူး၊ မိဘ၏ ဆန္ဒနှင့် ကလေး သဘာဝအကြောင်းနှင့် (Youth Club ) အဖွဲ့ဝင် မောင်သဲပိုတို့က ကျောင်းနေပျော်၍ စာတော်ပါစေစသည့် အကြောင်းအရာ အသေးစိတ်ကို ရှင်း လင်း ဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော စာပေဝါသနာရှင်များနှင့် (Youth Club )အဖွဲ့ဝင်များမှ သိရှိလို သည်များကို မေးမြန်းကြပြီးနောက် အပြန်အလှန်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စောအောင်မျိုးလွင်(ပြန်/ဆက်)