ရွာသစ် မေ ၁၄
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် နှစ်စဉ်မပြတ် ကျင်းပလေ့ရှိသော ရှမ်းရိုးရာပွဲတော် သဲပုံစေတီနှင့် ထမင်းထုပ်ပွဲတော်ကို ယနေ့နံနက်ပိုင်းက အဆိုပါ နေရာ၌ ကျင်းပကြောင်း သိရသည်။
အဆိုပါ သဲပုံစေတီနှင့် ထမင်းထုပ်ပွဲတော်ကို ရွာသစ်မြို့ရှိ ဆရာတော် သံဃာတော်များ၊ ရပ်မိရပ်ဖများ၊ စေတနာရှင်ပြည်သူများ စုပေါင်း၍ သဲပုံစေတီအား ဆွမ်းရေချမ်း ဆက်ကပ်လှူဒါန်းခြင်း၊ လှူဖွယ်ဝတ္ထု အစုစုအတွက် တရားတော်နာကြားခြင်းနှင့် ရေစက်ချခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ယင်းနောက် ရပ်ကွက်၊ ကျေးရွာအလိုက် လူငယ်မောင်မယ်များက ရှမ်းအိုးစည် ဗုံမောင်းဖြင့် လာရောက်ကြကာ လာရောက်ကြသော ဧည့်သည်များအား ရိုးရာဓလေ့ ထမင်းထုပ်ဝေငှပေးခဲ့ကြောင်း သိရသည်။
ရွာသစ်(ပြန်/ဆက်)