ရေစကြို မေ ၁၄
ရေစကြိုမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်မှူးရုံးက ယမန်နေ့နံနက် ၈ နာရီ အချိန်က ၂၀၂၀ ပြည့်နှစ် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေအသိပညာပေး လက်ကမ်းစာစောင်ကို အများပြည်သူသွားလာရာ ရေစကြိုမြို့အဝင်တွင် ဖြန့်ဝေခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်ဖြန့်ဝေရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့၊ အမှတ်(၄)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ(မကွေး)ကွပ်ကဲမှု အောက်ရှိ ယာဉ် ထိန်းရဲတပ်ဖွဲ့စိတ်မှူးရုံး(ရေစကြို)မှ တပ်ဖွဲ့စိတ်မှူး ရဲတပ်ကြပ်ကြီး နိုင်မိုး ဦးဆောင်သော တပ်ဖွဲ့ဝင် ၆ ဦးတို့က ၂၀၂၀ ပြည့်နှစ် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေပါအချက်များ၊ ယာဉ်မောင်းသူများ လိုက်နာရန် အချက်များပါရှိသည့် လက်ကမ်းစာစောင်ကို မော်တော်ယာဉ်/ မော်တော်ဆိုင်ကယ်မောင်းနှင်သူ ခရီးသွား ပြည်သူများထံ ဖြန့်ဝေခဲ့ကြောင်းသိရသည်။