ရေစကြို မေ ၁၄
ရေစကြိုမြို့နယ်တွင် မေလ ၁၂ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက် ခတ်မှုကြောင့် လေဘေးသင့်ခဲ့သော အခြေခံပညာကျောင်းများ အတွက်သွပ်နှင့်သံများ ထောက်ပံ့ ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀နာရီခွဲ အချိန် က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။
အဆိုပါ လေဘေးသင့် အခြေခံပညာကျောင်းများကို ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူး ညီညီအောင်၊ မြို့နယ်ရဲ တပ်ဖွဲ့ မှူး ရုံးက ယာယီရဲမှူး တင်လတ်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာဦးစီးမှူးရုံးက မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်သူ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးကျော်ဝင်းတို့က အလယ်ကျောကျေး ရွာအုပ်စု၊ ဇီးပင်ကုန်းအ.မ.ကကျောင်းဆောင် ၂ ဆောင်အတွက် ၁၂ ပေသွပ် ၄၅ ချပ်နှင့်သံ ၂ ပိသာ၊ ဆင်တဲကျေးရွာအုပ်စု၊ ဆင်တဲ အ.လ.ကကျောင်းအတွက် ၈ ပေသွပ် ၂၆ ချပ်နှင့် သံ ၁ ပိသာ၊ အလယ်သောင်ကျေးရွာအုပ်စု၊ အလယ်သောင် အ.ထ.ကကျောင်းအတွက် ၁၀ ပေသွပ် ၁၅ ချပ်နှင့်သံ ၁ ပိသာ၊ ဆင်တဲကျေးရွာအုပ်စု၊ နတ်ဝေးအ.မ.ကကျောင်းအတွက် ၁၂ ပေသွပ် ၄ ချပ်နှင့် သံ ၁ ပိသာ စုစုပေါင်းထောက်ပံ့ပစ္စည်း တန်ဖိုးငွေကျပ် ၈၅၁၄၀၀/- ကို ကျေးရွာ အုပ်စု အုပ်ချုပ် ရေးမှူးများနှင့် ကျောင်းအကျိုးတော်ဆောင် ကော်မတီ တို့ထံ လက်ဝယ် အရောက် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရှိရသည်။