ထီးလင်း မေ ၁၄
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့ အမှတ်(၁)ရပ်ကွက်ရှိ လမ်းမတော် လမ်းဘေး၊ ကြံ့ခိုင်ရေးလမ်းနှင့်သီရိ-၂လမ်းဆုံနေရာများတွင် ရပ်ကွက်နေပြည်သူများ သွားလာမှု အဆင်ပြေ လွယ်ကူစေရေးနှင့် မိုးရာသီ ကာလများ၌ရေစီးရေလာ ကောင်းမွန်စေရေး တို့အတွက် Box Culvert (၂)ခု ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ Box Culvert များကို ထီးလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်၊ မကွေးတိုင်းဒေသကြီး ငွေလုံးငွေရင်း အသုံး စရိတ် ခွင့်ပြု ရန်ပုံငွေကျပ် (၃၂) သိန်းဖြင့် ဆောင်ရွက်ထားခြင်းဖြစ်ပြီး အလျား ၂၀ ပေ၊ အနံ ၇ ပေ၊ အမြင့် ၃ ပေရှိကာ Box Culvert (၁)ခုလျှင် ငွေကျပ် (၁၆)သိန်း ကုန်ကျကြောင်းနှင့်် မြို့နယ် စည်ပင် သာယာရေးအဖွဲ့ အနေဖြင့်
မြို့ပေါ်ရပ်ကွက်များရှိ လမ်း/တံတား များအား မြို့အင်္ဂါရပ်နှင့် အအညီ ဘဏ္ဍာ နှစ်အလိုက် အဆင့်မြှင့်တင် ခင်းကျင်းဆောင်ရွက်ပေးလျက် ရှိကြောင်း သိရ သည်။
အောင်စည်