ကျိုက်ဒုံမြို့တွင် အသက်၈၅နှစ်နှင့်အထက်သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်

ကျိုက်ဒုံ မေလ ၁၄

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်ကျိုက်ဒုံမြို့တွင် မေလ ၁၄ ရက် နံနက်ပိုင်းက (၂၀၂၀-၂၀၂၁)ခု၊ ဘဏ္ဍာရေးနှစ်၊ ဒုတိယ သုံးလပတ် (ဇန်နဝါရီ၊ဖေဖော်ဝါရီ၊မတ်)လအတွက် အသက် ၈၅နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် တစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် သက်ကြီး ဘိုးဘွား(၁၀၆)ဦးအတွက် စုစုပေါင်းငွေကျပ်(၃၁၈၀၀၀၀)သိန်း ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။

 

အဆိုပါထောက်ပံ့ငွေများကို ကျိုက်ဒုံမြို့အုပ်ချုပ်ရေးမှူးဦးမင်းဇော်မှ မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများထံလွဲပြောင်းပေးအပ်ခဲ့ပြီး ကျိုက်ဒုံမြို့ပေါ်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများက မိမိတို့မြို့ပေါ်ရပ် ကွက်များနှင့်ကျေးရွာများတွင်နေထိုင်သည့် အသက် ၈၅နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၁၀၆)ဦးအား တစ်ဦးလျှင် ငွေကျပ်(၃)သောင်းနှုန်းဖြင့် အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

ကျိုက်ဒုံ(ပြန်/ဆက်)