မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

မယ်စဲ့    မေ    ၁၄

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၈ နာရီခွဲမှစ၍ မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးမှ ကျန်းမာရေးဝန်ထမ်းများက မယ်စဲ့မြို့နယ် အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသည့် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ ဒေသခံပြည်သူများအား ကာကွယ်ဆေးမထိုးမီ ကျန်းမာရေးစစ်ဆေးခြင်း၊ စာရင်းဖြည့်သွင်းခြင်းနှင့် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။

ယခု ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံရာတွင် လာရောက်ထိုးနှံသည့် ဒေသခံပြည်သူ အမျိုးသား (၂၃)ဦးနှင့် အမျိုးသမီး(၂၉)ဦး စုစုပေါင်း (၅၂)ဦးအား ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။

စိုင်းလျှမ်း(ပြန်/ဆက်)