မင်းလှ မေ ၁၄
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနကစီစဉ်ထုတ်လုပ်သည့် ၂၀၂၁ ခုနှစ်၊ ဧပြီလထုတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြားခဲ့သည့် မိန့်ခွန်းများစာအုပ်ကို ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးနှင့် မြို့အုပ်ချုပ်ရေးမှူးရုံးသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးမျိုးညွှန်ထံနှင့် စစ်ကွင်းမြို့ အုပ်ချုပ်ရေးမှူး ဦးမြတ်မင်းကြူထံသို့ မိန့်ခွန်းများစာအုပ်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် အများပြည်သူလေ့လာ ဖတ်ရှုနိုင်ရန်အတွက် ပေးပို့ခဲ့သည့် မိန့်ခွန်းများစာအုပ်ကို အများပြည်သူများ လာရောက်ငှားရမ်း ဖတ်ရှုနိုင်ကြောင်း သိရသည်။
ပေါက်စ ပြန်/ဆက်